title: "ERP Next"
space: "User Manual"
url: "https://docs.bcncl.com/user/manual/erp-next"
updated: "2026-06-03"

ERP Next သည် မိမိတို့၏ စီးပွားရေးလုပ်ငန်းစဉ်အား နည်းပညာဖြင့် စာရင်းအင်းများ ထိန်းသိမ်း မှတ်တမ်းတင်ထားနိုင်ရန်အတွက် ပြုလုပ်ထားသော ဆော့ဝဲတစ်ခု ဖြစ်ပါသည်။

ERP Next ကို အသုံးပြုမည်ဆိုကပါ
1. Computer
2. Tablet
3. Email
2. Internet စသည်တို့ ရှိရပါမည်။

- ERP Next ကို အသုံးပြုလျှင် လုပ်ငန်းကို စီမံခန့်ခွဲသူသည် မည်သည့်နေရာတွင်ရှိနေသည် ဖြစ်စေ မိမိလုပ်ငန်းအား အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။
- ERP Next မိမိလုပ်ငန်းတွင် ဆိုင်ခွဲပေါင်းများစွာရှိသည်ဖြစ်စေ ၊ အမျိုးအမည်မတူသော လုပ်ငန်းခွဲများစွာရှိသည်ဖြစ်စေ အချိန်တည်း တပြိင်တည်း စနစ်တကျ စီမံခန့်ခွဲမှုကို ပြုလုပ်၍ ရပါသည်။
ERP Next တွင်
-	Accounting စာရင်းများတွက်ချက်ခြင်း။
-	Human Resource Management (HRM) လူ့စွမ်းအားစီမံခန့်ခွဲများကို ထိန်းသိမ်းခြင်း။
-	Customer Relationship Management (CRM) စားသုံးသူများးနှင့် ဆက်သွယ်မှု ဝန်ဆောင်မှုများအား စီမံခန့်ခွဲခြင်း။
-	Feet Management လုပ်ငန်းခွင့်သုံး ယာဉ်များအား စီမံခန့်ခွဲခြင်း။
-	Hotel Management ဟိုတယ်လုပ်ငန်းအား စီမံခန့်ခွဲခြင်း။
-	Manufacturing Process ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အား စီမံခန့်ခွဲခြင်း။
စသည်တို့ကို ပြုလုပ်၍ ရပါသည်။
ERP Next တွင် အသုံးပြု၍ ရသော အဓိက Module ခေါင်းစဉ်တို့မှာ

•	Company ကုမ္ပဏီလုပ်ငန်းခွဲများ သတ်မှတ်ခြင်း။

•	Supplier များသတ်မှတ်ခြင်း

•	Credit Terms များသတ်မှတ်ခြင်း

•	Warehouse များ သတ်မှတ်ခြင်း

•	Item Group များ သတ်မှတ်ခြင်း

•	Item များသတ်မှတ်ခြင်း။

•	Customer Group များသတ်မှတ်ခြင်း

•	Sales အတွက် Price များသတ်မှတ်ခြင်း

•	Sales အတွက် Credit Terms များ သတ်မှတ်ခြင်း

•	Stock များအား စီမံခန့်ခွဲခြင်း

•	လုပ်ငန်းတစ်ခုလုံး၏ Balance Sheet များ စစ်ဆေးခြင်း

•	လုပ်ငန်းတစ်ခုလုံး၏ Profit and Loss များစစ်ဆေးခြင်း

•	လုပ်ငန်းတစ်ခုလုံး၏ Cash Flow ငွေကြေး စီးဆင်းမှုကို စစ်ဆေးခြင်း

•	Multi-Currency ငွေကြေးအမျိုးအား တစ်ခုထက်မက စီမံခန့်ခွဲခြင်း

•	ကုန်ကြမ်းမှ ကုန်ချောသို့ အဆင့်ဆင့်ထုတ်လုပ်ခြင်းအား စီမံခန့်ခွဲခြင်း

•	Fixed Asset Management ပုံသေပိုင်ပစ္စည်းများအား စီမံခန့်ခွဲခြင်း

စသည်တို့ကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည်ဖြစ်ပါသည်။