---
title: "Dunning\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t"
space: "User Manual"
url: "https://docs.bcncl.com/user/manual/dunning"
updated: "2026-06-03"
---

Dunning သည် ငွေမရသေးသော အရောင်းပြေစာများကို ငွေကောက်ခံရန်အတွက် ငွေတောင်းခံလွှာ ထည့်သွင်းခြင်းဖြစ်ပါသည်။

Customer များငွေချေရန် နောက်ကျသည့်အတွက် နောက်ကျကြေး ကောက်ခံမည်ဆိုပါကလည်း ကောက်ခံနိုင်ပါသည်။

ငွေတောင်းခံလွှာ မထည့်သွင်းမှီ ရှေးဦးစွာ အတိုးရာခိုင်နှုန်းများနှင့်  အခကြေးငွေများ သတ်မှတ်ပေးရပါမည်။

အတိုးများနှင့် အခကြေးငွေများကို သတ်မှတ်ရန်အတွက် Dunning Type ထဲကိုဝင်ပါ။

Add Dunning Type ကိုနှိပ်ပါ။

![](/files/D-01.png)

Dunning Type တွင်သက်ဆိုင်ရာ Dunning အမျိုးအစားကိုထည့်သွင်းပါ။

Dunning Fee တွင် နောက်ကျကြေးအဖြစ် ကောက်ခံမည့် ပမာဏကိုထည့်သွင်းပါ။

တစ်နှစ်စာအတိုးရာခိုင်နှုန်းကောက်ခံမည်ဆိုပါက Rate of Interest (%) Yearly တွင် ကောက်ခံမည့် ရာခိုင်နှုန်းကိုထည့်သွင်းပါ။

ထို့နောက် Save ကိုနှိပ်ပါ။

![](/files/D-02.png)