---
title: "Double Ledger Parties (Primary Role - Supplier)"
space: "User Manual"
url: "https://docs.bcncl.com/user/manual/double-ledger-parties"
updated: "2026-06-03"
---

**လုပ်ငန်းတွင်Supplier နှင့် Customer တူညီနေသောအခြေအနေမျိုးတွင် ပေးရန်ရှိစာရင်းနှင့် ရရန်ရှိစာရင်းအားအလိုအလျောက်ချေပေးနိုင်ရန်အတွက် 
Double Ledger Parties ကိုအသုံးပြုနိုင်ပါသည်။**


* Double Ledger Parties မထည့်သွင်းမီ Supplier Name နှင့် Customer Name ကိုဦးစွာထည့်သွင်းထားရမည်။

* Supplier Name နှင့် Customer Name ထည့်သွင်းပြီးပါက Double Ledger Parties ကိုထည့်သွင်းပေးရပါမည်။

* Double Ledger Parties ကိုထည့်သွင်းရန်

![](/files/1d9df19.png)

* Accounting ထဲရှိ Double Ledger Management အောက်မှ Double Ledger Parties ကိုနှိပ်ပါ။

![](/files/209d521.png)

* New ကိုနှိပ်ပါ။

![](/files/32d493d.png)

* Primary Role တွင် ပေးရန်ရှိပမာဏများလေ့ရှိပါက Supplier ဟုထားပါ။ 

* ရရန်ရှိပမာဏများလေ့ရှိပါက Customer ကိုထားပါ။

* Customer နှင့် Supplier ကိုရွေးချယ်ပါ။

* Save ကိုနှိပ်ပါ။

![](/files/460db07.png)

* ထည့်သွင်းထားသော Double Ledger Parties စာရင်းကိုတွေ့ရမည်။

* Double Ledger Parties ထည့်သွင်းသတ်မှတ်ပြီးသည့်နောက်တွင် Purchase Invoice နှင့် Sales Invoice များကိုထည့်သွင်းပေးရမည်။

* Purchase Invoice ကိုထည့်သွင်းရန်အတွက် 

![](/files/588f209.png)

* Buying ထဲမှ Purchase Invoice ကိုနှိပ်ပါ။

![](/files/6d47f3d.png)

* New ကိုနှိပ်ပါ။

![](/files/7f5cb27.png)

* Series ကိုရွေးချယ်ပါ။

* Supplier တွင် မည်သူ့ထံမှ ဝယ်ယူသည်ကိုထည့်သွင်းပါ။

* Date တွင် မည်သည့်ရက်၌ ဝယ်ယူသည်ကိုထည့်သွင်းပါ။

* Due Date တွင် ငွေပေးချေမည့်ရက်ကိုသတ်မှတ်ထည့်သွင်းပါ။

![](/files/80961a2.png)

* ဝယ်ယူသည့်အချိန်တွင် ကုန်ပစ္စည်းတစ်ပါတည်း လက်ခံရရှိသည်ဆိုပါက Update Stock ကိုနှိပ်၍ မည့်သည့် Warehouse ၌ လက်ခံထားရှိမည်ကို ရွေးချယ်ပါ။

* Item တွင်ဝယ်ယူသည့် ကုန်ပစ္စည်းကိုရွေးချယ်ပါ။

* Qty တွင် အရေအတွက်မည်မျှဝယ်ယူသည်ကိုထည့်သွင်းပါ။

* Rate တွင်တစ်ခုချင်းစျေးမည်မျှရှိသည်ကိုထည့်သွင်းပါ။

* အပြည့်အစုံထည့်သွင်းပြီး မှန်ကန်ပြီဆိုပါက Save, Submit ကိုနှိပ်ပါ။

* အဝယ်စာရင်းထည့်သွင်းပြီးနောက် အရောင်းစာရင်းထည့်သွင်းမည်ဆိုပါက

![](/files/1018b9f4.png)

* Selling ထဲမှ Sales Invoice ကိုနှိပ်ပါ။

![](/files/11069fda.png)

* New ကိုနှိပ်ပါ။

![](/files/12f9e550.png)

* Series ကိုရွေးချယ်ပါ။

* Customer တွင်မည်သူ့ကိုရောင်းချမည်ကိုရွေးချယ်ပါ။

* Date တွင် မည်သည့်ရက်တွင် ရောင်းချသည်ကိုရွေးချယ်ပါ။

* Due Date တွင် ငွေရမည့်နေ့ကိုသတ်မှတ်ထည့်သွင်းပါ။

![](/files/13988a86.png)

* ရောင်းချသည့်အချိန်တွင် ကုန်ပစ္စည်းတစ်ပါတည်းလက်ခံရရှိသည်ဆိုပါက Update Stock ကိုနှိပ်၍ မည်သည့် Warehouse ထဲမှ ထုတ်ပေးမည်ကိုရွေးချယ်ပါ။

* Item တွင် ရောင်းချမည့် ကုန်ပစ္စည်းကိုရွေးချယ်ပါ။

* Qty တွင် အရေအတွက်မည်မျှရောင်းချမည်ကိုထည့်သွင်းပါ။

* Rate တွင် တစ်ခုချင်းရောင်းစျေးကိုသတ်မှတ်ပါ။

* အပြည့်အစုံထည့်သွင်းပြီး မှန်ကန်ပြီဆိုပါက Save, Submit ကိုနှိပ်ပါ။

![](/files/14395a50.png)

* Sales Invoice တွင်ကြည့်ရှုပါက Paid ဟုပြနေသည်ကိုတွေ့ရမည်။ 

* Primary တွင် Supplier ဟုသတ်မှတ်ထားသောကြောင့် Accounts Payable Report ကိုစစ်ဆေးပေးရပါမည်။

* Accounts Payable ကိုစစ်ဆေးရန်အတွက် Accounting ထဲရှိ Accounts Payable ကိုနှိပ်ပါ။

![](/files/153c7896.png)

* As on date တွင်မည်သည့်နေ့အထိ ကြည့်ရှုလိုသည်ကိုရွေးချယ်ပါ။

* Payable နှစ်ကြောင်းပေါ်နေသည်ကိုတွေ့ရမည်။ (Purchase Invoice ဆိုသည်မှာ မူလဖွင့်ထားသော အဝယ်စာရင်းဖြစ်ပြီး၊ Journal Entry ဆိုသည်မှာ Double Ledger Parties သုံးထားသောအကြောင့် ကျလာသော Transaction ဖြစ်သည်။)

* Outstanding Amount တွင် ပေးရန်ရှိ မည်မျှကျန်နေသည်ကိုတွေ့ရမည်။



