---
title: "Document Naming Rule"
space: "User Manual"
url: "https://docs.bcncl.com/user/manual/document-naming-rule"
updated: "2026-06-03"
---

Branch အသစ် တိုးပြီးနောက် ထို Branch တွင်ရှိသော ဝန်ထမ်းများကို Branch ၏ Naming Series အလိုက်တပ်လိုပါက အောက်ပါအတိုင်း ထည့်သွင်းပေးရပါမည်။

### Naming Series ထည့်သွင်းရန်အတွက် Search နေရာတွင်  Document Naming Rule ဟုရိုက်ရှာပေးရပါမည်။

![](/files/Screenshot 2025-12-10 135636.png)

- Add Document Naming Rule ကိုနှိပ်ပါ။

![](/files/Screenshot 2025-12-10 135853.png)

- Document Type နေရာတွင် Employee ထည့်သည့်အချိန်တွင် Branch အလိုက် Naming Series ဖြင့်တပ်ချင်တာဖြစ်သည့်အတွက် Employee ကို ရွေးပါ။
- Edit Full Form ကိုနှိပ်ပါ။

![](/files/Screenshot 2025-12-10 142739.png)

- Rule Conditions ဘေးနားတွင်ရှိသော မျှားကိုနှိပ်ပါ။
- Conditions အောက်တွင်ရှိသော Add Row ကိုနှိပ်ပါ။
- Filed နေရာတွင် Branch (branch) ကိုရွေးပါ။
- Value နေရာတွင် မိမိအသစ်ထည့်သွင်းထားသည့် Branch ကိုထည့်ပေးရပါမည်။ (ထိုနေရာတွင် Software ထဲတွင်ထည့်ထားသည့် Branch Name ကို copy ယူပြီးထည့်ပေးရပါမည်။)
- Digits တွင် မိမိတပ်လိုသည့် Code ၏ အရေအတွက်ကို  သတ်မှတ်နိုင်ပါသည်။
- ထို့နောက် Save ကိုနှိပ်ပါ။

![](/files/viber_image_2025-12-10_14-30-43-934.png)

- ထို Branch နှင့်ဆိုင်သည့် ဝန်ထမ်းကို ထည့်သွင်းပါက Employee ID သည် မိမိသတ်မှတ်ထားသည့် Naming Series ဖြင့် တက်သွားသည်ကို အောက်ပါအတိုင်းတွေ့ရပါမည်။

![](/files/Screenshot 2025-12-10 143411.png)

