---
title: "Data Import"
space: "User Manual"
url: "https://docs.bcncl.com/user/manual/data-import"
updated: "2026-06-03"
---

## Data Import
အချက်အလက်များကို တစ်ပြိုင်တည်း ထည့်သွင်းလိုပါက Data Import ဖြင့် အလွယ်တကူလုပ်နိုင်ပါသည်။

Avaliable File Formats (သွင်းနိုင်သော File Formatများ)

-Excel (.xlsx)

-CSV (.csv)

Entering Data through Data Import

Data Import လုပ်ရန်အတွက်

Home > Data Import and Settings > Import Data

ကိုယ်ထည့်ချင်သည့် Doctype မှလည်းတဆင့်သွားနိုင်ပါသည်။

![](/files/8iZcVju.png)

![](/files/HQk0rde.png)

ပြီးနောက် Add Data Importကိုနှိပ်ပေးရပါမည်။

![](/files/RisgLyT.png)

![](/files/HzplRPz.png)

Form ထဲသို့ ရောက်လျှင်

**Document Type**: ကိုယ့်ထည့်သွင်းမည့် DocType (ဥပမာ - Address, Contact)

**Import Type**: Insert အသစ်ထည့်မည်လား? Update ရှိပြီးသားကိုပြင်မည်လားကိုရွေးပေးရပါမည်။

ရွေးပြီးသွားလျှင် Save ပေးရပါမည်။

![](/files/d5SJBPY.png)

ထို့နောက် ERPNextထဲရှိ Data ပုံစံဖြစ်အောင် Download Template ကိုနှိပ်ကာ ပုံစံယူရပါမည်။

# Export Data

![](/files/EeyBo5n.png)

File Type

![](/files/4RuIHKi.png)

File Type: ထုတ်မည့် အချက်အလက် များကို မည်သို့ဖိုင်အမျိုးအစား(Excel or CSV)နှင့် ထုတ်မည်ကိုရွေးပေးရပါမည်။

## Export Type

![](/files/gxc2BDI.png)

**Export လုပ်ရာတွင်**

***All Records***: မိမိသွင်းထားသည့် အချက်အလက်များကို ထုတ်၍ရပါမည်။

***Filtered Records***: ရှိသည့် အချက်အလက်များထဲမှ Filter လုပ်ထားသည့် အချက်နှင့် ကိုက်ညီသည့် အချက်အလက်များသာ ထုတ်၍ရမည်။

***5 Records***: Record ၅ ကြောင်းသာ ထွက်လာမည်။

***Blank Template***: မိမိရွေးထားသည့် fieldname များသာပါလာပြီး အချက်အလက်များသည်ပါလာမည် မဟုတ်ပါ။

**Select Fields To Insert**

ဤနေရာတွင် မိမိထုတ်ချင်သည့် Fieldname များကိုရွေးချင်နိုင်ပါသည်။

![](/files/U8gHymX.png)

***Select All***: Fieldname များအကုန်လုံးကို Select လုပ်ခြင်း

***Select Mandatory***: မဖြစ်မနေ လိုအပ်သည့် Fieldname များကိုသာ Select လုပ်ခြင်း

***Unselect All***: Select လုပ်ထားသည့် Field များအားလုံးကို Select လုပ်ထားသည်ကိုဖြုတ်ခြင်း

![](/files/XqyEz93.png)

ပြီးလျှင် Export ကို နှိပ်ပေးရပါမည်။

ထိုအခါ ဖိုင်လေးတစ်ဖိုင်ကို ကျလာပြီး ဒေါင်းလုပ်လုပ်ပြီးသည့်အထိစောင့်ပေးရပါမည်။

ဖိုင်အဆင့်သင့်ဖြစ်ပြီး ဖိုင်ကိုဖွင့်လိုက်လျှင် ဤသို့ပေါ်လာမည်ဖြစ်ပါသည်။

![](/files/VW1QbB9.png)

ထည့်သွင်းချင်သည့် အချက်အလက်များကို သက်ဆိုင်ရာ Fieldname များအောက်တွင် ထည့်သွင်းပေးရပါမည်။

**ထည့်သွင်းပြီးပုံစံ**

![](/files/VVBR9fm.png)

**အချက်အလက်များကို ထည့်သွင်းသည့်အခါ Formatting များဖြုတ်ရပါမည်။**
**Formatting များပါသည့် file ကိုထည့်သွင်းပါက Import လုပ်ရာတွင် အမှားအယွင်းဖြစ်နိုင်ချေ များပါသည်။**

![](/files/rJ6P641.png)

Fieldname အောက်တွင် ထည့်သောအချက်အလက်တွင် စာသား၊ စာလုံးအတွင်းရှိ Space များမှာလွဲ၍ အရှေ့၊ အနောက်Space များကိုဖြုတ်ပေးရပါမည်။
ဥပမာ -
"My Space" ဆိုလျှင် အဆင်ပြေပါသည်။
သို့သော် " My Space  " ဆိုပါက နာမည်မတူပါဟု ယူဆ၍
"My Space" နှင့် " My Space  " နှစ်ကြောင်းဝင်သွားပါလိမ့်မည်။