---
title: "Common Party Accounting (Link With Customer)"
space: "User Manual"
url: "https://docs.bcncl.com/user/manual/common-party-accounting-link-with-customer"
updated: "2026-06-03"
---

Customer နှင့် Supplier တစ်ယောက်တည်းဖြစ်နေသည့်အခြေအနေမျိုးတွင် Common Party Accounting ကိုသုံးနိုင်ပါသည်။

>> Home > Accounting > Accounts Setting 

Accounts Setting ထဲကိုဝင်ပါ။

- Enable Common Party Accounting တွင်အမှန်ခြစ်ပြီး Save ကိုနှိပ်ပါ။

![](/files/AC01.png)

### Supplier ထည့်သွင်းရန်အတွက် Supplier ထဲကိုဝင်ပါ။

>> Home > Accounting > Supplier 

- ထို့နောက် Supplier Name ကိုထည့်ရပါမည်။

- Add Supplier ကိုနှိပ်ပါ။

![](/files/AC02.png)

- Supplier Name တွင် သက်ဆိုင်ရာ Supplier ကိုထည့်ရပါမည်။

- ထို့နောက် Save ကိုနှိပ်ပါ။

![](/files/AC03.png)

### Supplier နှင့် Customer Link ချိတ်မည်ဆိုပါက ထို Supplier ထဲကိုဝင်ပါ။

![](/files/AC24.png)

- Action ကိုနှိပ်၍ Link with Customer ကိုနှိပ်ရပါမည်။

![](/files/AC04.png)

- Select a Customer ပေါ်လာပါက Customer တွင် Create a New Customer ကိုနှိပ်ရပါမည်။

![](/files/AC05.png)

- Customer Name တွင်သက်ဆိုင်ရာ Customer Name ကိုထည့်ပါ။

- Save ကိုနှိပ်ပါ။

![](/files/AC06.png)

- Create Link ကိုနှိပ်ပါ။

![](/files/AC07.png)

### အဝယ်ဘောင်ချာထည့်သွင်းရန်အတွက် Purchase Invoice ထဲကိုဝင်ပါ။

>> Home > Accounting > Purchase Invoice 

- Add Purchase Invoice ကိုနှိပ်ပါ။

![](/files/AC08.png)

- Suppiler ကိုထည့်ပါ။

- Edit Posting Date and Time တွင်အမှန်ခြစ်၍ Invoice ဖွင့်သောနေ့ကိုထည့်ပါ။

![](/files/AC09.png)

- ပစ္စည်းပါတစ်ခါတည်းရောက်ပါက Update Stock တွင်အမှန်ခြစ်ထည့်၍ Set Acceptance Warehouse တွင် ပစ္စည်းလက်ခံမည့် Warehouse ကိုထည့်ပါ။

![](/files/AC10.png)

- Item တွင်မှာယူမည့်ပစ္စည်းကိုထည့်ပါ။

- Accept Qty တွင်မှာယူမည့်အရေအတွက်ကိုထည့်ပါ။

- ထို့နောက် Save>> Submit>> Yes ကိုနှိပ်ပါ။

![](/files/AC11.png)

### Accounts Payable တွင်ကြည့်ပါကလည်းပေးရန်ရှိပေါ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။

![](/files/AC12.png)

### အရောင်းဘောင်ချာဖွင့်ရန်အတွက် Sales Invoice ထဲကိုဝင်ပါ။

>> Home > Accounting > Accounts Receivable > Sale Invoice

- Add Sale Invoice ကိုနှိပ်ပါ။

![](/files/AC13.png)

- Customer ကိုထည့်ပါ။

- Edit Posting Date and Time ကိုနှိပ်၍ပစ္စည်းရောင်းသောနေ့ကိုထည့်ပါ။

![](/files/AC14.png)

- ပစ္စည်းတစ်ခါတည်း ထုတ်ပါက Update Stock ကိုနှိပ်၍ပစ္စည်းထုတ်မည့် Warehouse ကိုရွေးပါ။

![](/files/AC15.png)

- Item တွင်ရောင်းမည့် ကုန်ပစ္စည်းကိုထည့်ပါ။

- Qty တွင်ရောင်းရသည့် ပစ္စည်း၏အရေအတွက်ကို ထည့်ရပါမည်။

- ထို့နောက် Save>> Submit>> Yes ကိုနှိပ်ပါ။

![](/files/AC16.png)

### Journal Entry တွင်ကြည့်ပါကလည်း Double Ledger သုံးထားသည့်အတွက်ကြောင့် Journal Entry တစ်စောင် Auto ဆင်းသွားပါမည်။ 

![](/files/AC17.png)

### Accounts Payable တွင်ကြည့်ပါကလည်း Purchase Invoice အစောင်နှင့် Journal Entry မှချေထားသောအစောင်အား အောက်ပါအတိုင်းတွေရပါမည်။

![](/files/AC18.png)

- ထို Purchase Invoice အစောင်နှင့် Journal Entry အစောင်အားချေရန် Payment Reconciliation မှပြန်ချေပေးရပါမည်။

- Payment Reconciliation ထဲကိုဝင်ပါ။

- Party Type နေရာတွင် Supplier ကိုရွေးပါ။

- Party နေရာတွင် သက်ဆိုင်ရာ Supplier ကိုရွေးရပါမည်။

![](/files/AC19.png)

- Get Unreconciled Entries ကိုနှိပ်ပါ။

![](/files/AC20.png)

- ချေဖို့ကျန်သည့် Purchase Invoice အစောင်နှင့် Journal Entry အစောင်အားတွေ့ရပါမည်။

![](/files/AC21.png)

- ထိုအစောင်များကို ရွေး၍ Allocate ကိုနှိပ်ရပါမည်။

- ထို့နောက် Reconcile ကိုနှိပ်ပါ။

![](/files/AC22.png)

- Accounts Payable Report တွင်ပြန်ကြည့်ပါက ထို Supplier အတွက် ပေးရန်ရှိလျော့သွားသည်ကို အောက်ပါအတိုင်းတွေ့ရပါမည်။

![](/files/AC23.png)
