---
title: "Chart Of Accounts"
space: "User Manual"
url: "https://docs.bcncl.com/user/manual/chart-of-accounts"
updated: "2026-06-03"
---

လုပ်ငန်းတွင် အသုံးပြုမည့် စာရင်းခေါင်းစဉ်များအား ကြိုတင်သတ်မှတ်ပေးရမည်ဖြစ်ပါသည်။ စာရင်းခေါင်းစဉ်များအောက်တွင် အုပ်စုများနှင့် စာရင်းခေါင်းစဉ်များ ဟူ၍ နှစ်မျိုးသတ်မှတ်နိုင်မည်ဖြစ်ပါသည်။

1. Chart of Accounts
--------------------

Chart of Accounts များကို

### Treeview

![](/files/coa1.png)  


### List View

![](/files/coa2.png)  


### Report View

![](/files/coa3.png)  


### Kanban Board

![](/files/kanban.png)  


ပုံစံအမျိုးမျိုးဖြင့် ကြိုက်နှစ်သက်သလို ကြည့်ရှူနိုင်မည်ဖြစ်ပါသည်။

2.စာရင်းခေါင်းစဉ် အသစ်ထည့်ခြင်း
-------------------------------

စာရင်းခေါင်းစဉ်များသတ်မှတ်ရာတွင် Group Account နှင့် Child Account ၂မျိုးရှိပါသည်။ Transactions ထည့်မည့် စာရင်းခေါင်းစဉ်များသည် Child Account ဖြစ်ရမည်ဖြစ်ပါသည်။

စာရင်းခေါင်းစဉ် အသစ်ထည့်ရန်အတွက် 


> Home > Accounting > Accounting Master > Chart of Accounts
> 
> 

* List View ကိုနှိပ်ပါ။

![](/files/J72cNfB.png)

* Tree ကိုနှိပ်ပါ။

![](/files/oOdZYQT.png)

* Chart of Account List အားတွေ့မြင်ရမည်။

* အသေးစိတ် Detail Account များသိရှိလိုပါက Expand All ကိုနှိပ်ပါ။

![](/files/ckRRK7D.png)

### Group Account ထည့်သွင်းခြင်း

* Group Account ထည့်သွင်းရန်အတွက် မိမိထည့်လိုသော File ပုံစံ Group ထဲတွင် မိမိထပ်မံထည့်လိုသည့် group အားထားရှိမည့်နေရာမှ Group အား click နှိပ်ပါ။(eg: Current Assets အောက်တွင် Cash and Bank Equivalents Group ထပ်မံထားရှိမည်ဖြစ်ပါက Current Assets အားနှိပ်ပါ။)

* Add Child ကိုနှိပ်ပါ။

![](/files/efefzTT.png)

* New Account Name တွင် မိမိထည့်လိုသော Group Account Name ထည့်ပါ။

* Account Number အသုံးပြုလိုပါက ထည့်ပါ။

* Group Account ထည့်သွင်းခြင်းဖြစ်သည့်အတွက် Is Group တွင်အမှန်ခြစ်ထည့်ပါ။

* Root Type ရွေးချယ်ပါ။

* လိုအပ်သောအချက်အလက်များထည့်သွင်းပြီး Create New ကိုနှိပ်ပါ။

![](/files/li5Tkex.png)

* မိမိထည့်သွင်းလိုက်သော group account အားတွေ့မြင်ရမည်။

![](/files/eMOvzUV.png)  


### Child Account ထည့်သွင်းခြင်း

**သက်ဆိုင်ရာ Group များအောက်တွင် မိမိစာရင်းသွင်းမည့် Child Account များထည့်သွင်းလိုပါက**
* မိမိထည့်မည့် child account အား ထားရှိမည့် group အားရွေးချယ်၍ ထို group အား click နှိပ်ပါ။ (eg: Bank Accounts Group အောက်တွင် Transaction သွင်းရန်လိုအပ်သည့် AYA Saving Account အား ထည့်သွင်းမည်ဆိုပါက မိမိထည့်သွင်းမည့် Bank Accounts Group အားနှိပ်ပါ။)

* Add Child ကိုနှိပ်ပါ။

![](/files/rBCXEy1.png)

* New Account Name တွင် မိမိထည့်မည့် စာရင်းခေါင်းစဉ် Accounts အားထည့်ပါ။

* Account Number အသုံးပြုလိုပါက ထည့်ပါ။

* Account Type ရွေးချယ်ပါ။

* Currency တွင် Functional Currency ကို Foreign Currency သုံးမည်ဆိုက ရွေးချယ်ပါ။ Base Currency အသုံးပြုမည်ဆိုပါက ထည့်သွင်းရန်မလိုပါ။

* လိုအပ်သောအချက်အလက်များထည့်သွင်းပြီး Create New ကိုနှိပ်ပါ။

![](/files/pLrOeWb.png)

* မိမိထည့်သွင်းလိုက်သော Account အားတွေ့မြင်ရမည်ဖြစ်ပါသည်။

![](/files/K6DZYCo.png)

  


