---
title: "Bulk Update Item Image"
space: "User Manual"
url: "https://docs.bcncl.com/user/manual/bulk-update-item-image"
updated: "2026-06-03"
---

**Item Image များကိုတစ်ပုံချင်းမထည့်ဘဲ Data Import ကလဲထည့်နိုင်ပါသည်။ Data Import ကနေထည့်မည်ဆိုပါကအောက်ပါအချက် (3) ချက်ကိုမဖြစ်မနေလုပ်ဆောင်ပေးရပါမည်။**

1. Image ၏ Size သည် အလျား၊ အနံအတူတူဖြစ်ရပါမည်။
2. Image တစ်ပုံချင်းစီ၏ File Size သည် 200KB ထက်မကျော်ရပါ။
3. Image များကို Upload လုပ်ရန်အတွက် Image များကို Zip File လုပ်ပေးရပါမည်။
* Image ကို Upload လုပ်ရန် File သို့သွားပါ။
* Add File ကိုနှိပ်ပါ။

![](/files/cliMT7d.png)  


* My Drive ကိုနှိပ်ပါ။

![](/files/FYhAS5V.png)  


* Zip File ကို Upload လုပ်ပါ။ Private တွင် Ticking ဖြုတ်ပါ။
* Upload နှိပ်ပါ။

![](/files/JdcXPhc.png)  


* Upload လုပ်ပြီးပါက Upload ထားသောအစောင်ထဲသို့ဝင်ပါ။
* Unzip ကိုနှိပ်ပါ။

![](/files/KMYxrKY.png)  


* Unzip ကိုနှိပ်လိုက်ပါက Image တစ်စောင်ချင်းစီကျသွားမည်ကိုတွေ့ရမည်ဖြစ်သည်။

![](/files/rm3N4zM.png)  


* ထို့နောက် Data Import ကိုသွားပါ။
* Account တွင် Item ကိုရွေးပါ။
* Import Type တွင် Update Existing Records ကိုရွေးပါ။
* Save ကိုနှိပ်ပါ။

![](/files/ABggRAv.png)  


* Download Template ကိုနှိပ်ပါ။
* File Type တွင် Excel ကိုရွေးပါ။
* Export Type တွင် Item အကုန်လုံးထည့်မည့်ဆိုပါက All Records ကိုရွေးပါ။
* Select Column တွင် Item Code, Item Name, Image ကိုရွေးပါ။
* Export ကိုနှိပ်ပါ။

![](/files/dJ43V7f.png)  


* File Download ဆွဲပြီးပါက Download လုပ်ထားသော File ကိုဖွင့်ပါ။

![](/files/hQUOoPD.png)  


* ထို့သို့ပေါ်လာပါက Software ထဲမှ File သို့သွား၍ သက်ဆိုင်ရာ Image ထဲသို့ဝင်၍ File URL ကို Copy ယူပါ။

![](/files/ec9jngE.png)  


* ထို့နောက် Excel သို့သွား၍ သက်ဆိုင်ရာ Item ‌အကြောင်း၏ Image တွင်ထည့်ပါ။ (Item Code (or) Item Name နှင့် Image Name တူပါက Image တွဲသည့်အချိန်တွင်ပိုမိုလွယ်ကူနိုင်ပါသည်။)

![](/files/UzN1ffl.png)  


* ကျန်တဲ့ Item များကိုလည်းထိုအတိုင်းထည့်ပါ။
* ထည့်ပြီးပါက ထို File ကို Save ပါ။ ပြီးနောက် Software ထဲမှ Data Import သို့သွားပါ။ Data Import ထဲမှ Excel File ထုတ်ထားသော Data Import အစောင်ကိုဝင်ပါ။
* Attach ကိုနှိပ်ပါ။

![](/files/MsCSE0a.png)  


* My Drive ကိုနှိပ်၍‌ စောစောတုန်းက Save လိုက်သော Excel File ကို Upload လုပ်ပါ။

![](/files/aZmbXWk.png)  


* Start Import ကိုနှိပ်ပါ။

![](/files/LQFDVJd.png)  


* Success ဖြစ်သွားသည်ကိုတွေ့ရမည်ဖြစ်သည်။

![](/files/B8QUprq.png)  


**Item ထဲသို့သွား၍စစ်ကြည့်ပါကလည်း Image များပေါ်လာသည်ကိုတွေ့ရမည်ဖြစ်သည်။**

![](/files/3X4B6lJ.png)  


  


  


  


  


  


  


  


