---
title: "Billable Expenses"
space: "User Manual"
url: "https://docs.bcncl.com/user/manual/billable-expenses"
updated: "2026-06-03"
---

![](/files/qM0wUPv.png)  


Customer အရောင်းစာရင်းသွင်းရာတွင် အကြောင်းအမျိုးမျိုးကြောင့် မိမိလုပ်ငန်းဘက်မှစရိတ်ငွေ စိုက်ပေးခဲ့သည်ရှိပါက  ရရန်ရှိ ဖော်ထားပြီး ထို customer ဘက်မှ ငွေချေပါက ထိုစရိတ်ကိုပါ တခါထဲ ပေါင်းကောက်မည့် ပုံကို စာရင်းသွင်းလိုပါက .......

1. Journal Entry မှတဆင့်ရရန်ရှိ ဖော်ထားခြင်း
--------------------------------------------

* Posting Date တွင်ငွေစိုက်ပေးလိုက်ရသော Date ကိုရွေးပါ။ရရန်ရှိဖော်မည်ဖြစ်သောကြောင့် Debtor (Receiveable account) ကိုရွေးပါ။
* Party တွင် customer name ကိုရွေး၍ စိုက်ပေးလိုက်ရသော ငွေ amount ကို Debit ဘက်တွင်ထည့်ပါ။
* မိမိဘက်မှ ငွေစိုက်ပေးလိုက်ရသောကြောင့် cash account credit ဘက်တွင်စိုက်ပေးလိုက်ရသော ငွေ amount ကိုထည့်ပါ။
* User Remark ထည့်၍ Save ကိုနှိပ်ပြီး customer Ledger စစ်ဆေးကြည့်ပါ။ ရရန်ရှိတွင် ထိုစိုက်ပေးလိုက်ရသော‌ amount ပြပေးနေမည်ဖြစ်သည်။

![](/files/bill02.png)  


![](/files/bill03.png)  


2. Payment Entry မှ တဆင့် စိုက်ပေးထားသောစရိတ်ငွေပြန်လည်တောင်းခံခြင်း
--------------------------------------------------------------------

Customer ဘက်မှငွေလာချေပါက စိုက်ပေးထားသောစရိတ်ကျသင့်ငွေကို ကောက်ယူလိုပါက Payment Entry မှတဆင့် Add payment Entry ကို နှိပ်ပါ။

* Posting Date ရွေးပါ။
* Payment Type တွင် receive ကိုရွေးပါ။
* Mode of Payment တွင် cash book ကိုရွေးပါ။
* Party Type တွင် Customer ကိုရွေးချယ်ပါ။
* Party တွင် Customer Name ကိုရွေးချယ်ပါ။

![](/files/bill04.png)  


Paid Amount တွင် စရိတ်စိုက်ပေးထားသောငွေ amount ကို ထည့်ပါ။

* Reference အောက်ရှိ Get Outstanding Invoice ကိုနှိပ်၍ ‌‌‌ငွေချေလိုသော Invoice သို့ Journal ကိုရွေးပါ။
* Save & Submitt ကိုနှိပ်၍ စိုက်ပေးငွေ ပြန်လည်တောင်းခံပုံကိုစာရင်းသွင်းနိုင်ပါသည်။

![](/files/bill05.png)  


