---
title: "Bill of Materials"
space: "User Manual"
url: "https://docs.bcncl.com/user/manual/bill-of-materials"
updated: "2026-08-10"
---

**BOM (Bill of Materials)** ဆိုတာ Finished Product တစ်ခုထုတ်လုပ်ဖို့ လိုအပ်တဲ့ **Raw Material, Quantity နဲ့ ထွက်ရှိနိုင်တဲ့ Scrap** တွေကို သတ်မှတ်ထားတဲ့စာရင်း ဖြစ်ပါတယ်။

ဥပမာ — Finished Product 100 Pcs ထုတ်လုပ်ရာမှာ Raw Material ဘယ်လောက်သုံးမလဲ၊ Scrap ဘယ်လောက်ထွက်မလဲဆိုတာ BOM မှာ သတ်မှတ်နိုင်ပါတယ်။

### အဆင့် (၁) — BOM အသစ်ဖွင့်ရန်

Search Bar မှာ **BOM** လို့ရှာပြီး **New** ကိုနှိပ်ပါ။

![](/files/BOM1.png)

![](/files/image.webp)

### အဆင့် (၂) — Finished Product ရွေးရန်

**Item** နေရာမှာ ထုတ်လုပ်မယ့် Finished Product ကို ရွေးပါ။

ဥပမာ — `Finished Product A`

 **Quantity** မှာ ဒီ BOM တစ်ခုအတွက် ထုတ်လုပ်မယ့် Quantity ကို ထည့်ပါ။

ဥပမာ — `100 Pcs`

![](/files/BOM470e59e.png)


### အဆင့် (၃) — Raw Material ထည့်ရန်

**Items** Table မှာ Production အတွက် အသုံးပြုမယ့် Raw Material တွေကို ထည့်ပါ။

ဥပမာ —

- Raw Material A — 50 Kg
- Packing Bag — 100 Pcs

![](/files/BOM5.png)

Item တစ်ခုချင်းစီရဲ့ **Qty နဲ့ UOM** မှန်ကန်မှုရှိမရှိ စစ်ပေးပါ။

### အဆင့် (၄) — Scrap Item ထည့်ရန်

Production လုပ်တဲ့အချိန် Scrap ထွက်ရှိမယ်ဆိုရင် **Scrap Items** Section မှာ ထည့်ပေးပါ။

ဥပမာ —

Finished Product = `100 Pcs`  
Scrap Item = `Waste Material`  
Scrap Qty = `5 Kg`

![](/files/BOM6.png)

![](/files/BOM7.png)

Scrap Item ကို Item Master မှာ အရင်ဖွင့်ထားရန် လိုပါတယ်။

**Scrap မထွက်တဲ့ Production ဖြစ်ရင် Scrap Items မှာ မထည့်လည်းရပါတယ်။**

### အဆင့် (၆) — Save နှင့် Submit လုပ်ရန်

Finished Product, Raw Material, Quantity နဲ့ Scrap Quantity တွေကို ပြန်လည်စစ်ဆေးပြီး **Save** လုပ်ပါ။

အချက်အလက်အားလုံး မှန်ကန်ပါက **Submit** လုပ်ပါ။

Submit ပြီးရင် ဒီ BOM ကို Work Order / Manufacturing Transaction တွေမှာ အသုံးပြုနိုင်ပါပြီ။

### မှတ်ချက်

BOM ထဲမှာ ထည့်ထားတဲ့ **Scrap Qty က ပုံမှန်အားဖြင့် ထွက်ရှိမယ့် Scrap ပမာဏ** ဖြစ်ပါတယ်။ Production အမှန်တကယ်လုပ်တဲ့အချိန် Scrap ပမာဏက BOM ထဲက သတ်မှတ်ထားတာနဲ့ မတူနိုင်ရင် Real Production Process တွင်ပြန်လည်ပြင်ဆင်နိုင်ပါသည်။

