---
title: "Asset Value Adjustment"
space: "User Manual"
url: "https://docs.bcncl.com/user/manual/asset-value-adjustment"
updated: "2026-06-03"
---

ပုံသေပိုင်ပစ္စည်းသည် ပျက်စီးမှုတစ်ခုခုကြောင့် ပိုင်ဆိုင်မှုတန်ဖိုးရုတ်တရက် ပြောင်းလဲသွားပါက ပုံသေပိုင်ပစ္စည်း၏ ပိုင်ဆိုင်မှုတန်ဖိုး ညှိယူသည့်အခါမျိုးတွင် Asset Value Adjustment တွင်ထည့်သွင်းနိုင်ပါသည်။ (ဥပမာ- laptop တစ်လုံးသည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားပါက ၎င်း၏တန်ဖိုးသည် ချက်ချင်းကျဆင်းသွားမည်ဖြစ်သည်။ ထိုအ‌ခြေအနေမျိုးတွင် ပုံသေပိုင်ပစ္စည်း၏တန်ဖိုးကို ပြန်လည်ညှိယူရမည် ဖြစ်ပါသည်။)

#### **ပုံသေပိုင်ပစ္စည်း၏တန်ဖိုးကို ပြန်လည်တန်ဖိုးညှိယူခြင်းကို ထည့်သွင်းမည်ဆိုပါက**


> Accounting > Asset > Asset Value Adjustment
> 
> 

* Add Asset Value Adjustment ကိုနှိပ်ပါ။

![](/files/lLdGYeZ.png)

* Asset တွင်တန်ဖိုးပြန်လည်ညှိမည့် Asset ကိုထည့်သွင်းပါ။
* Date တွင် တန်ဖိုးပြန်လည်ညှိသည့် Date ကိုထည့်ပါ။
* New Asset Value တွင်တန်ဖိုးပြန်လည်သတ်မှတ်သည့် Amount ကိုထည့်ပါ။
* Edit Full Form ကိုနှိပ်ပါ။

![](/files/bspL0D0.png)

* Value Detail အောက်တွင်ရှိသော Current Asset တွင် ပုံသေပိုင်ပစ္စည်း၏ ယခုလက်ရှိတန်ဖိုးလျှော့ပြီးသားတန်းဖိုးကို တွေ့ရပါမည်။

![](/files/pOXB3aT.png)

* Save > Submit > Yes ကိုနှိပ်ပါ။

![](/files/938YoCn.png)

* ထည့်သွင်းလိုက်သော ပုံသေပိုင်ပစ္စည်း တန်ဖိုးပြန်လည်ညှိလိုက်သည်ကို Asset Value Adjustment တွင်အောက်ပါအတိုင်းတွေ့ရပါမည်။

![](/files/V5exZIt.png)

* Asset List တွင်ပြန်ကြည့်ပါကလည်း တန်ဖိုးပြန်လည်သတ်မှတ်လိုက်သည့် ပုံသေပိုင်ပစ္စည်း၏တန်ဖိုးသည် ကျန်ရှိသော လများတွင် ခွဲဝင်သွားပါမည်။

![](/files/ntlb3yx.png)

  


