---
title: "Asset Movement"
space: "User Manual"
url: "https://docs.bcncl.com/user/manual/asset-movement"
updated: "2026-06-03"
---

မိမိလုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းများကို နေရာတစ်ခုမှ တခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခြင်း၊ မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးခြင်း၊ ပုံသေပိုင်ပစ္စည်းကို ဝန်ထမ်းအချင်းချင်းပေးအပ်ခြင်း၊ ဝန်ထမ်းမှ ပုံသေပိုင်ပစ္စည်းကို နေရာတစ်ခုသို့ ထားသည့်အခါမျိုးတွင် Asset Movement ကိုအသုံးပြု၍ စာရင်းထည့်သွင်းနိုင်ပါသည်။

Asset Movement ထည့်သွင်းမည်ဆိုပါက အမျိုးအစား(3)မျိုးရှိပါသည်။

* မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးမည်ဆိုပါက Issue Type ကိုအသုံးပြုရပါမည်။
* မိမိရုံးမှရှိသော ဝန်ထမ်းအချင်းချင်း ပုံသေပိုင်ပစ္စည်းပြန်လွှဲပေးလျှင် Issue Type ကိုအသုံးပြုရပါမည်။
* ပုံသေပိုင်ပစ္စည်းကို နေရာတစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ပါက Transfer Type ကိုအသုံးပြုရပါမည်။

### **(1) မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးခြင်းကို ထည့်သွင်းမည်ဆိုပါက**


> Accounting > Asset > Asset Movement
> 
> 

* Add Asset Movement ကိုနှိပ်ပါ။

![](/files/Mzl3qpV.png)
* Purpose တွင် Issue ကိုရွေးချယ်ပါ။
* Transaction Date တွင် ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးသည့် ရက်နှင့် အချိန်ကိုထည့်သွင်းပေးရပါမည်။

![](/files/BM2s9ao.png)
* Asset အကွက်ထဲတွင်ရှိသော Asset တွင် ဝန်ထမ်းကိုပေးသည့် Asset ကိုရွေးချယ်ပါ။
* Asset ကိုရွေးချယ်လိုက်ပါက ထို Asset ရှိသောနေရာပါ ကျလာပါမည်။
* To Employee ‌တွင် Asset ကိုပေးမည့် ဝန်ထမ်းကိုရွေးချယ်ပါ။

![](/files/gx1Q83r.png)
* Reference အောက်တွင်ရှိသော Reference Document Type တွင် ထို Asset Item ကိုဝယ်ခဲ့သည့် ဘောင်ချာရှိပါက Purchase Invoice ကိုရွေးချယ်ပါ။
* Reference Document Name တွင် ‌Asset ဝယ်ခဲ့သည့် ဘောင်ချာနံပါတ်ကိုထည့်ပါ။

![](/files/K2Yxqn2.png)
* Save > Submit > Yes ကိုနှိပ်ပါ။

![](/files/nFxh5ck.png)
* Asset List တွင်ပြန်ကြည့်ပါကလည်း ပေးလိုက်သောဝန်ထမ်းကို Asset ၏ Custodian Name တွင်အောက်ပါအတိုင်းတွေ့ရပါမည်။

![](/files/iEnUysp.png)

### **(2) ပုံသေပိုင်ပစ္စည်းကို ဝန်ထမ်းအချင်းချင်းပြန်လွှဲပေးခြင်းကို ထည့်သွင်းမည်ဆိုပါက**


> Accounting > Asset > Asset Movement
> 
> 

* Add Asset Movement ကိုနှိပ်ပါ။

![](/files/XAgpTlE.png)
* Purpose တွင် Issue ကိုရွေးချယ်ပါ။
* Transaction Date တွင် Asset ကို ဝန်ထမ်းအချင်းချင်းလွှဲပေးသည့် ရက်နှင့်အချိန်ကိုထည့်ပါ။

![](/files/LOSbk4p.png)
* Asset အကွက်တွင်ရှိသော Asset တွင် ဝန်ထမ်းအချင်းချင်းလွှဲပေးသည့် Asset ကိုထည့်ပါ။
* To Employee တွင် လွှဲပေးသည့် ဝန်ထမ်းကိုရွေးချယ်ပါ။

![](/files/R2fSa79.png)
* Reference အောက်တွင်ရှိသော Reference Document Type တွင် ထို Asset Item ကိုဝယ်ခဲ့သည့် ဘောင်ချာရှိပါက Purchase Invoice ကိုရွေးချယ်ပါ။
* Reference Document Name တွင် ထို Asset ဝယ်ခဲ့သည့် ဘောင်ချာနံပါတ်ကိုထည့်ပါ။

![](/files/Qr0lQtd.png)
* Save > Submit > Yes ကိုနှိပ်ပါ။

![](/files/zrPIfCQ.png)
* Asset List တွင်ပြန်ကြည့်ပါကလည်း နောက်ထပ်လွှဲပေးလိုက်သည့် ဝန်ထမ်းတစ်ယောက်ကို Custodian Name တွင်အောက်ပါအတိုင်း တွေ့ရပါမည်။

![](/files/QVguTh4.png)

### **(3) ရုံးတွင်ရှိသော ပုံသေပိုင်ပစ္စည်းကို နေရာတစ်နေရာမှ တခြားတစ်နေရာသို့ ပြောင်း‌ရွှေ့ခြင်းကို ထည့်သွင်းမည်ဆိုပါက**


> Accounting > Asset > Asset Movement
> 
> 

* Add Asset Movement ကိုနှိပ်ပါ။

![](/files/imzEKsf.png)
* Purpose တွင် Transfer ကိုရွေးချယ်ပါ။
* Transaction Date တွင် Asset ကို တစ်နေရာမှ တခြားတစ်နေရာသို့ ပြောင်းရွှေ့သည့် ရက်နှင့်အချိန်ကို ထည့်ပါ။

![](/files/KHNf3lx.png)
* Assets ‌အကွက်တွင်ရှိသော Asset ‌တွင် နေရာပြောင်းရွှေ့မည့် Asset ကိုရွေးချယ်ပါ။
* Target Location တွင်မိမိ‌ပြောင်း‌ရွှေ့ချင်သည့် နေရာကို‌ရွေးချယ်ပါ။

![](/files/m3lkGCf.png)
* Save > Submit > Yes ကိုနှိပ်ပါ။

![](/files/dJR951q.png)
* Asset List တွင်ပြန်ကြည့်ပါကလည်း Asset ပြောင်းရွှေ့လိုက်သည့် နေရာကို Location တွင်အောက်ပါအတိုင်း‌တွေ့ရပါမည်။

![](/files/F7VY4ui.png)
